Mindful You ဆိုတာ ဘာလဲ? 🍃
တစ်ခါတလေ ဘာကြောင့်မှန်းမသိဘဲ စိတ်ပင်ပန်းနေတတ်ပါတယ်။ တစ်ခါတလေ ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့ နှိုင်းယှဉ်မိတတ်သလို၊ တစ်ခါတလေတော့ အတွေးတွေ များလွန်းပြီး ခဏလေးတောင် စိတ်မနားရ စိတ်ပင်ပန်းရတဲ့နေ့တွေ ရှိတတ်ပါတယ်။
တစ်ခါတလေ ဘာကြောင့်မှန်းမသိဘဲ စိတ်ပင်ပန်းနေတတ်ပါတယ်။
တစ်ခါတလေ ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့ နှိုင်းယှဉ်မိတတ်သလို၊ တစ်ခါတလေတော့ အတွေးတွေ များလွန်းပြီး ခဏလေးတောင် စိတ်မနားရ စိတ်ပင်ပန်းရတဲ့နေ့တွေ ရှိတတ်ပါတယ်။
Mindful You ကို အဲ့ဒီလို အခိုက်အတန့်တွေအတွက် ရည်ရွယ်ပြီး ဖန်တီးထားတာပါ။
ဒီနေရာက လူငယ်တွေရဲ့ ခံစားချက်တွေကို အဆုံးအဖြတ်ပေးဖို့ မဟုတ်သလို၊ ဘာလုပ်ရမယ်ဆိုတာကို ညွှန်ကြားဖို့လည်း မဟုတ်ပါဘူး။
တစ်ခါတလေ ကိုယ်ခံစားနေရတာကို နားလည်ပေးမယ့် စာတစ်ပိုဒ်၊ ခဏလေး ရပ်ပြီး ကိုယ့်ကိုယ်ကို ပြန်အာရုံစိုက်စေမယ့် မေးခွန်းတစ်ခု၊ ဒါမှမဟုတ် နေ့စဉ်ဘဝမှာ လက်တွေ့စမ်းလုပ်ကြည့်လို့ရမယ့် mindful practice, လက်တွေ့ action တစ်ခုကို လိုအပ်နေတာဖြစ်နိုင်ပါတယ်။ စိတ်ပင်ပန်းနေတဲ့အချိန်တွေမှာ ခဏလေး နားခိုနိုင်ဖို့၊ ကိုယ့်ကိုယ်ကို ပိုနားလည်လာဖို့နဲ့ စိတ်သက်သာရာရဖို့ မျှော်လင့်မိပါတယ်။
Mindfulness ဆိုတာ အရာအားလုံးကို အကောင်းမြင်ဖို့ မဟုတ်ပါဘူး။ ကိုယ်ဘယ်လို ခံစားနေရလဲဆိုတာကို သတိထားမိပြီး လက်ရှိအချိန်ကို နည်းနည်းလေး ပိုပြီး အာရုံစိုက်နိုင်ဖို့ပါ။
ဒီနေ့တော့ ဒီမေးခွန်းလေးကို ကိုယ့်ကိုယ်ကို မေးကြည့်ပါ။
"ဒီရက်ပိုင်းအတွင်း ငါ့ကိုယ်ငါ နားထောင်ပေးခဲ့တာ ဘယ်နှခါရှိပြီလဲ?"
Mindful You က သင့်အတွက် ဒီနေရာလေးမှာ ရှိနေပါတယ် 🍃